• MM
  • EN
  • ၂၀၁၃ ဖေဖော်ဝါရီ - မေ

    Suzuki (Myanmar) Motor Co., Ltd ကို မြန်မာနိုင်ငံတွင်၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ ထို့နောက် ရန်ကုန်မြို့ အတွင်း တောင်ဒဂုံ စက်မှုဇုံ တွင် SUZUKI Carry ကို SKD (Semi-Knock Down) စနစ်ဖြင့် စတင် ထုတ်လုပ်ခဲ့ပါသည်။

    ၂၀၁၅ ဇူလှိုင် - ၂၀၁၆ ဇူလှိုင်

    အသုံးပြုသူများလာခြင်းကြောင့် ၂၀၁၅ ခုနှစ် ဇူလှိုင်လတွင် SUZUKI Ertiga Type 1 မော်တော်ယာဉ်အမျိုးအစားကို ကုမ္ပဏီက ထုတ်လုပ်ခဲ့ပါသည်။ ထို့နောက် SUZUKI Ertiga Type 2 အမျိုးအစားကို ၂၀၁၆ ခုနှစ် ဇူလှိုင်လတွင် ထပ်မံထုတ်လုပ်ခဲ့ပြီး ယခုထက်တိုင် ထုတ်လုပ်နေဆဲ ဖြစ်ပါသည်။ ၎င်းအမျိုးအစားကို အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့ တွင် ထုတ်လုပ်ခဲ့ပြီးနောက် တတိယမြောက် ထုတ်လုပ်သော နိုင်ငံမှာ မြန်မာ ဖြစ်ပါသည်။

    ၂၀၁၇ ဖေဖော်ဝါရီ

    ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ကုမ္ပဏီမှ ဂုဏ်ယူ ဝင့်ကြွားစွာဖြင့် SUZUKI Ciaz မော်တော်ယာဉ်အမျိုးအစားကို စတင်ထုတ်လုပ်ခဲ့ပါသည်။ ယခုအခါ မြန်မာပြည်တွင် ရောင်းအားအကောင်းဆုံး မော်တော်ယာဉ်အဖြစ် ရပ်တည်လျက်ရှိပါသည်။

    ၂၀၁၈ ဇန်နဝါရီ

    ဈေးကွက်စနစ် ပိုမိုချဲ့ထွင်နိုင်စေရန် သီလဝါ အထူးစီးပွားရေးစက်မှုဇုံတွင် စက်ရုံကို ပြောင်းရွှေ့တည်ထောင်ခဲ့ပြီး  SUZUKI Ertiga Type 2 နှင့် Ciaz မော်တော်ယာဉ်အမျိုးအစားတို့ကို ထုတ်လုပ်လျက်ရှိပါသည်။

    ၂၀၁၉ ဧပြီ

    Suzuki (Myanmar) Motor Co., Ltd မှ All New SUZUKI Ertiga 2019 မော်တော်ယာဉ်ကို ၂၀၁၉ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ SUZUKI သီလဝါစက်ရုံတွင် ဂုဏ်ယူစွာဖြင့် မိတ်ဆက်ကာ ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။

    Chat with Us