• MM
  • EN
  • News


    မေ 20, 2019

    All New SUZUKI Ertiga 2019 Launching – Myanmar Plaza Event


    All New Ertiga 2019 မျိုးဆက်သစ် မော်တော်ယာဉ်ကို SUZUKI Myanmar Motor မှ မြန်မာပလာဇာတွင် မိတ်ဆက်

    ရန်ကုန်၊ ဧပြီ၊ ၂၆၊ ၂၀၁၉။

    ရန်ကုန်မြို့ မြန်မာပလာဇာ ပရိုမိုးရှင်း ဧရိယာတွင် SUZUKI Myanmar Motor ကုမ္ပဏီမှ မျိုးဆက်သစ် All New Ertiga 2019 မော်တော်ယာဉ်ကို မိတ်ဆက်ပြသခဲ့ခြင်းဖြစ်သည်။

    အဆိုပါ အခမ်းအနားတွင် ၇ ယောက်စီး All New SUZUKI Ertiga 2019 ကို ဆူဇူကီးမြန်မာမှ စတင်မိတ်ဆက်ခဲ့ပြီး ကျပ် ၂၇၂ သိန်း ဖြင့် စျေးကွက်အတွင်း ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။ မျိုးဆက် သစ် HEARTECT ပလက်ဖောင်းကို အခြေခံထားသော All New SUZUKI Ertiga 2019 သည် ပိုမိုကျယ်ဝန်းသွား၍ အင်ဂျင်စွမ်းဆောင်ရည်လည်း တိုးမြှင့်ထားသည်။

    Ertiga ကားသစ်ကို အဖြူရောင် (Pearl Snow White)၊ အနက်ရောင် (Prime Cool Black) နှင့် အညိုရောင် (Pearl Glorious Brown) စသည့် အရောင်သုံးရောင်ဖြင့် ထုတ်လုပ်ထား၍ ခဲရောင်(Magma Gray) ကိုမူ ၂၀၁၉ အောက်တိုဘာလတွင် ဝယ်ယူနိုင်မည် ဖြစ်ပြီး (၇)နှစ် ကားအရစ်ကျပေးချေမှု ဖြင့်လည်း ဝယ်ယူနိုင်ကြောင်း သိရသည်။

    Chat with Us