• MM
  • EN
  • News


    မေ 20, 2019

    All New SUZUKI Ertiga 2019 Launching – Thilawa Event


    SUZUKI Myanmar Motor မှ “All New Ertiga 2019” မော်တော်ယာဉ်အမျိုးအစားအသစ်ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

    ရန်ကုန်၊ ဧပြီ၊ ၂၆၊ ၂၀၁၉။

    SUZUKI Myanmar Motor ကုမ္ပဏီမှ နောက်ဆုံးပေါ် All New Ertiga မော်တော်ယာဉ်အသစ် မိတ်ဆက်ပွဲကို ဧပြီလ ၂၆ ရက် ၂၀၁၉ ခုနှစ်တွင် ဆူဇူကီးသီလဝါစက်ရုံမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

    အဆိုပါအခမ်းအနားတွင် SUZUKI Myanmar Motor ကုမ္ပဏီမှ ၇ ယောက်စီး မော်တော်ယာဉ်  All New SUZUKI Ertiga မော်တော်ယာဉ်အမျိုးအစားသစ်ကို မြန်မာနိုင်ငံ စျေးကွက်တွင် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ Ertiga မော်တော်ကားအသစ်သည် အရွယ်အစားအားဖြင့် ပိုမိုကြီးသွားရုံသာမက ဒီဇိုင်းအပိုင်းတွင်လည်း ပိုမိုကျော့ရှင်းကာ ဆန်းသစ်ပြီး ခေတ်မီသော ကိုယ်ထည်ဒီဇိုင်းလည်းရှိပါသည်။ ဒါ့အပြင် ၁.၅ လီတာ ဆလင်ဒါ လေးလုံးပါ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်သော အင်ဂျင်ကိုလည်း တပ်ဆင်ထားကြောင်းသိရသည်။

    “ ကျွန်တော်တို့ရဲ့ အခု Ertiga” မော်တော်ယာဉ်အသစ်က အရင် Ertiga အမျိုးအစားကားတွေထက် အရွယ်အစား ပိုရှည်၊ ပိုကျယ်ပြီး ပိုလည်းမြင့်သွားပါတယ်။ ဒီနေ့ခေတ် ဝယ်ယူသူတွေရဲ့ အမြဲပြောင်းလဲနေတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့  မော်တော်ယာဉ်ကိုယ်ထည်ကိုလည်း  အကောင်းဆုံး ဇိမ်ခံပစ္စည်းတွေနဲ့ ထုတ်လုတ်ထားပြီး freestanding touchscreen infotainment System လို့ခေါ်တဲ့ မော်တော်ယာဉ်တွင်း ဖျော်ဖြေရေး စနစ်ကိုလည်း တပ်ဆင်ပေးထားပါတယ်။ Ertiga မော်တော်ယာဉ်သစ်ကို တခြား ကျွန်တော်တို့ရဲ့ နာမည်ကျော် မော်တော်ယာဉ်တွေဖြစ်တဲ့ Swift နဲ့ Ciaz တို့နဲ့ အလားတူပဲ ရန်ကုန်သီလဝါ စက်မှု့ဇုန်မှာရှိတဲ့ ကျွန်တော်တို့ စက်ရုံမှာပဲ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်” ဟု ဆူဇူကီးမြန်မာ မော်တာ ကုမ္ပဏီလီမိတက်၏ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ Mr.Keiichi Asano က ပြောကြားခဲ့သည်။

    All New Ertiga 2019 မော်တော်ယာဉ်သစ်၏ တန်ဖိုးမှာ ငွေကျပ် ၂၇,၂၀၀,၀၀၀ ဖြစ်ပြီး လက်ရှိတွင် အဖြူရောင် (Pearl Snow White)၊ အနက်ရောင်(Prime Cool Black) နှင့် အညိုရောင် (Pearl Glorious Brown) စသည့် အရောင်သုံးရောင်ဖြင့် ထုတ်လုပ်ထားပြီး ခဲရောင် (Magma Gray)ကိုတော့ ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ဝယ်ယူနိုင်မည်ဟု သိရသည်။

    SUZUKI Myanmar Motor နှင့် AYA ဘဏ်တို့ မိတ်ဖက်ပူးပေါင်း ဆောင်ရွက်ထားသည့် (၇)နှစ်  ကားအရစ်ကျပေးချေမှု့ ‘AYA Super Suzuki Finance’ အစီအစဉ်မှ တဆင့်လည်း All New Ertiga 2019 အပါအဝင် မော်တော်ကားသစ်များကို ဝန်ဆောင်ခများနှင့် အရောင်းကော်မရှင်ခများ ပေးဆောင်ရန် မလိုအပ်ပဲ အရစ်ကျဝယ်ယူ နိုင်မှာဖြစ်ပါသည်။

    Chat with Us