• MM
  • EN
  • News


    October 30, 2018

    AFF SUZUKI CUP 2018 သတင်းစာရှင်းလင်းပွဲနဲ့ ဖွင့်ပွဲအခမ်းအနား


    အောက်တိုဘာလ (၂၃) ရက်နေ့တွင် မြန်မာဘောလုံးအသင်း ယှဉ်ပြိုင်ပါဝင်ကစားမယ့် AFF SUZUKI CUP 2018 သတင်းစာရှင်းလင်းပွဲနဲ့ ဖွင့်ပွဲအခမ်းအနားကို မြန်မာပလာဇာရဲ့ ပရိုမိုးရှင်းဧရိယာမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

    အဆိုပါအခမ်းအနားမှာ SUZUKI Myanmar Motor ကုမ္ပဏီရဲ့ Managing Director ဖြစ်တဲ့ Mr. Keiichi Asano နှင့် မြန်မာဘောလုံးအဖွဲ့ချုပ်(MFF) ရဲ့ General Secretary ဖြစ်တဲ့ U Ko Ko Thein တို့မှ အမှာစကားများအသီးသီးပြောကြားကာ အခမ်းအနားကို စတင်ခဲ့ပါတယ်။ ထို့အပြင် အဆိုပါပွဲကို U Myo Hlaing Win၊ U Phone Naing Zaw တို့အပြင် အနုပညာရှင်များဖြစ်ကြတဲ့ Moe Yan Zun၊ Aung Ye Htike၊ Tryon Bejay၊ Awn Seng၊ Shwe Eain Si၊ Naw Phaw Eh Htar တို့ပါ တက်ရောက်ခဲ့ကြကာ AFF SUZUKI ဖလား ပြသမိတ်ဆက်ခြင်းအစီအစဉ်များ၊ SUZUKI SWIFT 2018 မော်တော်ကားပြသသည့်အစီအစဉ်များ၊ အမေးအဖြေအစီအစဉ်များ၊ ပျော်ရွင်စရာဂီမ်းအစီအစဉ်များ ပဟေဠိအစီအစဉ်များစတဲ့ အစီအစဉ်များကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ယနေ့ကျင်းခဲ့တဲ့ပွဲကို MC အဖြစ် ထရီဇာခိုင် မှ ဆောင်ရွက်ပေးခဲ့တာပါ။

    AFF SUZUKI CUP 2018 သတင်းစာရှင်းလင်းပွဲနဲ့ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ပေးခဲ့ကြတဲ့ မီဒီယာမိတ်ဆွေများနဲ့ လူကြီးမင်းများ အယောက်ဆီတိုင်းကိုလည်း SUZUKI Myanmar Motor မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်။

    Chat with Us