Carry Pro မှာ Air-Con ပါပါတယ်။
Swift GLX မှာ
Swift GL Grade မှာတော့ ဒီလို features တွေ မပါဝင်ပေမယ့် ကားရဲ့အပြင်ပိုင်းဒီဇိုင်းနဲ့ ကားအင်ဂျင်ပါဝါကတော့အတူတူပဲဖြစ်ပါတယ်။
အခွန်၊ လိုင်စင်၊ စာရွက်စာတမ်းအပြီးအစီးဈေးနှုန်းကို ရောင်းချမှုအပိုင်းတွင် တာဝန်ယူဆောင်ရွက် နေသော Suzuki တရားဝင်အရောင်းပြခန်းများတွင် စုံစမ်းမေးမြန်းဝယ်ယူနိုင်ပါတယ်။
မော်တော်ကား Instock ရှိမရှိကို ရောင်းချမှုအပိုင်းတွင် တာဝန်ယူဆောင်ရွက် နေသော Suzuki တရားဝင်အရောင်းပြခန်းများတွင် စုံစမ်းမေးမြန်းဝယ်ယူနိုင်ပါတယ်။
အရစ်ကျစနစ်အနေဖြင့် CB Bank installment နဲ့ AYA Bank installment ၂ မျိုးရှိပါတယ်။
အသေးစိတ်ကို သက်ဆိုင်ရာ Showroom များတွင် စုံစမ်းနိုင်ပါတယ်။
Suzuki Myanmar Motor Website update information အပေါ်မူတည်သည်။
Promotion အစီအစဉ်ရှိပါက တရား၀င် ကြေညာပေးပါမယ်။
စတင်ထုတ်လုပ်သည့်အချိန်မှစ၍ ၆ နှစ်အတွင်းအသုံးပြုနိုင်ပါတယ် သုံးစွဲမှုအနေအထားအပေါ်မူတည်၍ လိုအပ်ပါက သတ်မှတ်ကာလမရောက်သော်လည်း တာယာပြောင်းလဲမှုများပြုလုပ်ပေးရပါမယ်။
သုံးစွဲမှုအနေအထားပေါ်မူတည်၍လိုအပ်ပါက တာယာပြောင်းလဲမှုများပြုလုပ်ပေးရပါမယ်။
ဥပမာ တာယာရဲ့ မျက်နှင်ပြင် အထူမှာ ၁.၆ မီလီမီတာ ရောက်ရှိပါက အသစ်လဲလှယ် အသုံးပြုသင့်သည်။
Passenger ကားများနှင့် commercial truck ဖြစ်သောcarry pro အတွက် မော်တော်ကားစတင်အသုံးပြုပြီး ကီလို ၅၀၀၀ (သို့) ၆လ ရောက်လျှင် အင်ဂျင်ဝိုင်လဲလှယ်ပေးရမှာဖြစ်ပါတယ်။
ဂီယာဆီကို ကီလို ၄၀၀၀၀ ပြည့်လျှင်လဲလှယ်ပေးရပါမယ်။
ဘရိတ်ဆီကို ကီလို ၃၀၀၀၀ (သို့) ၂ နှစ်လျှင်တကြိမ် လဲလှယ်ပေးရပါမယ်။
Coolant ကို ကီလို ၄၅၀၀၀ (သို့) ၂ နှစ်လျှင်တကြိမ် လဲလှယ်ပေးရပါမယ်။
Spark Plug (Nickel) ကို ကီလို ၂၀၀၀၀ ပြည့်လျှင်တစ်ကြိမ်လဲလှယ်ပေးရပါမယ်။
Periodical Maintenance အား ကားဝယ်ယူပြီး ၁လ ၊ ၆ လ နှင့် ၁နှစ် ပြည့်သောအချိန်များတွင် ဝယ်ယူခဲ့သောအရောင်းပြခန်း (သို့) Suzuki၏ တရားဝင်အရောင်းပြခန်းများတွင် အခမဲ့ ပြုလုပ်နိုင်ပါတယ်။ ပုံမှန်စစ်ဆေးမှုပြုလုပ်မည်ဆိုပါက အာမခံစာအုပ်ကို တပါတည်းယူဆောင်သွားရန် လိုအပ်ကြောင်း အကြံပြုပါတယ်။
သုံးစွဲသူအနေအထားနဲ့ Accessories တပ်ဆင်မှု အနေအထားအပေါ်မူတည်ပြီး နှစ်ကာလအပြောင်းအလဲရှိနိုင်ပါတယ်။
Passenger ကားများနှင့် လုပ်ငန်းသုံး truck ကားဖြစ်သော Suzuki Carry Pro မှာလည်းဘဲ ၃နှစ်(သို့) ကီလိုတစ်သိန်းရှိပါသည်။
Passenger ကားများတွင် Ecstar အမှတ်တံဆိပ်ပါ 0W-20 နှင့် 5W-30 အင်ဂျင်ဝိုင်အမျိုးအစားကို အသုံးပြုသင့်ပါတယ်။
Carry Pro ကားတွင် Ecstar အမှတ်တံဆိပ်ပါ 5W-30 အင်ဂျင်ဝိုင်အမျိုးအစားကို အသုံးပြုသင့်ပါတယ်။
အပိုပစ္စည်းများကို Suzuki တရားဝင်အရောင်းပြခန်းများတွင် စုံစမ်းမေးမြန်း ဝယ်ယူနိုင် ပါတယ်။
Suzuki မော်တော်ကားများ၏ အခွန်နှင့်လိုင်စင်ကြေးမပါဝင်သောဈေးနှုန်းမှာ Ertiga သည် 354 သိန်းကျပ်၊ Ciaz သည် 330 သိန်းကျပ်၊ Swift GL သည် 256 သိန်းကျပ်၊ Swift GLX သည် 289 သိန်းကျပ် နှင့် Carry Pro သည် 179 သိန်း ကျပ်တို့ဖြစ်ပါတယ်။
Carry Pro က Manual Gear ဖြစ်ပါတယ်။
Passenger Car တွေဖြစ်တဲ့ Ertiga , Ciaz , Swift တို့မှာ လေအိတ် ၂ လုံးစီ ပါပါတယ်။