
မြန်မာနိုင်ငံရှိ ထိပ်တန်း မော်တော်ကား ကုမ္ပဏီများတွင် အလုပ်ရှာဖွေနေပါသလား။ ပိုမိုကောင်းမွန်သော အခွင့်အရေးများရရှိရန် သင့် CV ကို HR အီးမေးလ် [email protected] သို့ ပေးပို့ပါ။ သင်၏ကိုယ်ရေးမှတ်တမ်းအကျဉ်းအားကျွန်ုပ်တို့ဘက်မှ ကြည့်ရှုလိုပါသည်။
ကျွန်ုပ်တို့သည် လက်ရှိ ဝယ်ယူသူများသာမက အနာဂတ် ဝယ်ယူသူများအတွက်ပါ အကျိုးရှိစေမယ့် ဝယ်ယူသူ အကျိုးခံစားခွင့်ကို သေချာစွာ ခွဲခြမ်းစိတ်ဖြာ စိစစ်အဖြေရှာခြင်း နည်းလမ်းဖြင့် အကောင်းဆုံး ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။
ကျွန်ုပ်တို့သည် စိတ်အားထက်သန်သော စျေးကွက်ရှာဖွေရေးဗျူဟာနှင့်အတူ အပြုသဘောဆောင်သော စီးပွားရေးဝန်းကျင်အခြေအနေကို ထိန်းသိမ်းထားပြီး ဝယ်ယူသူများ၏ ကားဝယ်ယူမှုခရီးတွင် စိတ်ကျေနပ်မှု အပြည့်အဝရရှိစေရန် ကျွန်ုပ်တို့၏အမှတ်တံဆိပ်မှတစ်ဆင့် ပို့ဆောင်ပေးလျက်ရှိပါသည်။
ကျွန်ုပ်တို့၏ဌာနသည် 2019 ခုနှစ်တွင် ဌာနအသစ်အနေဖြင့် စတင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ဆူဇူကီးမော်တော်ဆိုင်ကယ်များကို တိုးချဲ့ဖြန့်ဖြူးခဲ့ပါသည်။
ကျွန်ုပ်တို့ဌာနတွင် စျေးကွက်သုတေသနပြုမှု၊ မော်ဒယ်အသစ်ရွေးချယ်မှု၊ တင်သွင်းခြင်း၊ ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ရေးအစီအစဉ်၊ အရောင်းလှုပ်ရှားမှုများနှင့် အရောင်းကိုယ်စားလှယ် တိုးချဲ့ဖြန့်ချီခြင်း စသည့် လုပ်ငန်းစဉ်များကို ကျယ်ပြန့်စွာ လုပ်ဆောင်လျက် ရှိပါသည်။
မော်တော်ယာဉ်အသစ်ဝယ်ယူပြီးနောက်ပိုင်းကျွန်ုပ်တို့ဌာနတွင်ထူးကဲကောင်းမွန်သောဝန်ဆောင်မှု ရှိပါသည်။
မော်တော်ယာဉ်စစ်ဆေးပေးခြင်းအကူအညီ၊ နည်းပညာအကူအညီ၊ ပြုပြင်ထိန်းသိမ်းမှု၊ မော်တော်ယာဉ်အသိပညာမျှဝေပေးမှုတို့နှင့်အတူ ကျွန်ုပ်တို့တတ်စွမ်းသမျှ သုံးစွဲသူများအား စိတ်ကျေနပ်မှုရရှိစေရန်အတွက် အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိပါသည်။
Customer များ သက်တောင့်သက်သာဖြစ်စေရန်နှင့် ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် Suzuki မှ ချမှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီ၍ တာရှည်ခံသောအပိုပစ္စည်းများကို ဖြန့်ချီလျှက်ရှိပါသည်။
Suzuki၏စစ်မှန်သော အပိုပစ္စည်းများက Customer များ၏ လိုအပ်ချက်များကို ပြည့်စုံစေရန်နှင့် သင်၏မော်တော်ယာဉ်ကို မူလပုံစံမပျက် ထိန်းသိမ်းထားနိုင်စေရန် ကူညီပေးပါလိမ့်မည်။
ကျွန်ုပ်တို့သည်KDပစ္စည်းများထိန်းသိမ်းခြင်းနှင့်တပ်ဆင်ခြင်းဌာနသို့ပေးပို့ခြင်း၊တစ်စိတ်တစ်ပိုင်းတပ်ဆင်ခြင်း၊ထုတ်လုပ်မှုကိုစီမံကွပ်ကဲခြင်း၊ပြုပြင်ထိန်းသိမ်းခြင်း၊အရည်အသွေးကောင်းမွန်စေရန်နှင့်ထုတ်လုပ်မှုလွယ်ကူစေရန်ထောက်ပံ့ခြင်းနှင့်Modelအသစ်များကောင်းမွန်စွာထုတ်လုပ်နိုင်စေရန်ကြိုတင်စီမံပေးခြင်းဌာနများပေါင်းစပ်လုပ်ကိုင်လျှက်ရှိပါသည်။
ကျွန်ုပ်တို့သည်အရည်အသွေးကောင်းပြီးဘေးကင်း၍အဆင့်အတန်းမြင့်မားသော မော်တော်ယာဉ်များကို ထုတ်လုပ်ရန်ရည်ရွယ်ပါသည်။
ကျွန်ုပ်တို့ဌာနသည် ကုမ္ပဏီ၏ ဘဏ္ဍာရေး အခြေအနေနှင့် တန်ဖိုးများကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် အကောင်းဆုံး စီမံဆောင်ရွက်နေပါသည်။
ကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကို စုစည်း၍ ဘဏ္ဍာရေးအခြေအနေ၊ စွမ်းရည် နှင့် ငွေကြေးစီးဆင်းမှုများကို ဖော်ပြပေးသော အစီရင်ခံစာကို ရေးဆွဲတင်ပြပေးပါသည်။
Stakeholder အားလုံးအတွက် ဘေးကင်းပြီးယုံကြည်စိတ်ချရသော ကုမ္ပဏီတစ်ခုဖြစ်စေရန် လူ့စွမ်းအား အရင်းအမြစ်နှင့် စီမံရေးရာကဏ္ဍများကို အကောင်းဆုံးဖော်ဆောင်နေပါသည်။
အိုင်တီဌာနခွဲသည် အဖွဲ့အစည်းအတွင်းရှိ နည်းပညာဆော့ဖ်ဝဲလ် အသုံးပြုမှုနှင့် သတင်းအချက်အလက်စီးဆင်းမှု လုံခြုံစေရေးအတွက် စနစ်များနှင့် ဆက်သွယ်မှုကွန်ယက်များကို အဓိကထား ဆောင်ရွက်ပေးပါသည်။
ဌာနများအတွင်း အသုံးပြုနေသော နည်းပညာစနစ်များ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန် စောင့်ကြည့်ထိန်းသိမ်းပေးသည့်အပြင် အိုင်တီပစ္စည်းများ ပြုပြင်ထိန်းသိမ်းမှုနှင့် အရောင်းကိုယ်စားလှယ်များ၏ နည်းပညာအသုံးပြုမှုများကို ကူညီထောက်ပံ့ပေးပါသည်။
“မော်တော်ကားတပ်ဆင်ထုတ်လုပ်ရေး၀န်ထမ်းအဖြစ် ၂၀၁၄ ခုနှစ်ကတည်းက ဆူဇူကီးကို ၀င်ရောက်တာ၀န် ထမ်းဆောင်ခဲ့ပါတယ်။
ဘွဲ့ရတစ်ယောက်မဟုတ်သော်လည်း ကုမ္ပဏီအစီအစဉ်ဖြင့် ပြည်တွင်း၊ ပြည်ပ သင်တန်းတွေ တက်ရောက်လေ့လာခွင့်ရခဲ့ပြီး လုပ်ငန်းခွင်မှာ ကြိုးစားတာ၀န်ယူ ထမ်းဆောင်မှုကြောင့် အခုဆို အမျိုးသမီး Leader တစ်ယောက်အဖြစ် တာ၀န်ယူနေရတာ ဂုဏ်ယူမိပါတယ်။”
“၂၀၀၈ ခုနှစ်က ဂျပန်မှာ မော်တော်ယာဉ်နည်းပညာကို သင်ယူခဲ့ပြီး ဂျပန်နိုင်ငံက ဆူဇူကီးမှာ ၂၀၁၂ ခုနှစ်တွင် အလုပ်ဝင်ခဲ့ပါတယ်။ မြန်မာနိုင်ငံက ဆူဇူကီးမှာတော့ ၂၀၁၈ ခုနှစ် ကနေ ယခုထိ Service Manager အဖြစ် တာဝန်ယူ နေပါတယ်။ ဂျပန်နိုင်ငံက သင်ယူခဲ့တဲ့ မော်တော်ကားနည်းပညာတွေကို မြန်မာနိုင်ငံက ဆူဇူကီးမှာ တာဝန်ထမ်းဆောင်ရင်း မြန်မာလူငယ်တွေကို ဝေမျှနေရတာ ကျေနပ်ဂုဏ်ယူမိပါတယ်။”