• MM
  • EN
  • News


    စက်တင်ဘာ 7, 2020

    SUZUKI Ciaz Upgraded Model မော်တော်ယာဉ်ကို SUZUKI Myanmar Motor ၏ တရား၀င် Facebook စာမျက်နှာမှတစ်ဆင့် အွန်လိုင်းမိတ်ဆက်ပွဲပြုလုပ်ခြင်း


    SUZUKI Myanmar Motor ၏ တရား၀င် Facebook စာမျက်နှာမှတစ်ဆင့် SUZUKI Ciaz Upgraded Model မော်တော်ယာဉ်ကို တရား၀င်မိတ်ဆက်ပြသခဲ့ပါသည်။
    အဆိုပါ အွန်လိုင်းမိတ်ဆက်ပွဲအခမ်းအနားတွင် ဆီဒင်မော်တော်ယာဉ်အမျိုးအစား SUZUKI Ciaz Upgraded Model ကို ဆူဇူကီးမြန်မာမှ စတင်မိတ်ဆက်ခဲ့ပြီး ကျပ် ၂၈၂ သိန်း ဖြင့် စျေးကွက်အတွင်း ရောင်းချနေပြီဖြစ်ပါသည်။

    ဆီစားနှုန်းအလွန်သက်သာသည့် အင်ဂျင်၊ လေခွင်းအားကောင်းသော ကိုယ်ထည်ဒီဇိုင်းတို့နှင့်အတူ လွတ်လပ်ပေါ့ပါးစွာ မောင်းနှင်နိုင်အောင်ဖန်တီးပြုလုပ်ထားပါသည်။
    Ciaz ကားသစ်ကို အဖြူရောင် (Pure White Pearl)၊ အနက်ရောင် (Super Black Pearl) နှင့် အညိုရောင် (Dignity Brown Pearl Metallic) စသည့် အရောင်သုံးရောင်ဖြင့် ထုတ်လုပ်ထားပြီး (၇)နှစ် ကားအရစ်ကျပေးချေမှု ဖြင့်လည်း ဝယ်ယူနိုင်ကြောင်း သိရပါသည်။

    Chat with Us